Tuesday 26 July 2016

Every Child is Special (2007) မြန်မာစာတန်းထိုး




IMDb Rating (8.6) ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ...
3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ...
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ
အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး
သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ...လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့
ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ...အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို
တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်....
- တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..
ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..
မှန်ပါတယ်...ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန် ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား
တစ်ခုဆောက်ခိုင်းပါမယ်...သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်...
တံတားကိုဆောက်ပါပြီ...တံတားက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ဖြောင့်ဖြောင့်တန်းတန်း
မဆက်မိတော့ပါဘူး....ဘာလို့ပါလိမ့်...?????
အဖြေကတော့ ကျွန်တော်တို့ ကမ္ဘာ ဟာအလုံးကြီးပါ...ဘောလုံးလို အခုံးမျက်နှာပြင်ပေါ်က တြိဂံတစ်ခုရဲ့
အတွင်းထောင့်တွေပေါင်းခြင်းဟာ 180 ထက်ကြီးပါတယ်...
အခွက်မျက်နှာပြင်ဆိုရင်180ထက်ငယ်ပါတယ်...Relativity သဘောတရားကိုတွေ့ရပါမယ်...
(ဒီထက်ပိုပြီးလေ့လာချင်ရင် Einstein's Theory of General Relativity ကိုလေ့လာသင့်ကြောင်းပါ)

(ဒီဇာတ်ကားကို ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ခဲ့သော ညီလေး ညီသံလွင်
ကိုကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...)


My Way(2011) - မြန်မာစာတန်းထိုး


တကယ့်အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ IMDb Rating(7.7/10)ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ကသာသားလေး မှရေးသားပေးခဲ့တာပါ။ pCloud ကနေ ဖိုင်ဆိုဒ် 336 MB နဲ့ တင်ပေးလိုက်ပါတယ်

Monday 25 July 2016

Uncontrollably Fond (2016) Korea Drama Series - မြန်မာစာတန်းထိုး

လက်ရှိ Hot အဖြစ်ဆုံး Doctors စီးရီးကိုကျော်ဖြတ်ပြီး နံပါတ် ၁ နေရာကို ချိတ်မယ်လို့ ရေပန်းစားနေတဲ့ ကိုရီးယားစီးရီးကောင်းလေးတစ်ခုပါ.။ Shin Joon-young (Kim Woo-bin) နှင့် No Eul (Bae Suzy) တို့ဟာ ကလေးဘ၀ထဲက သံယောဇဉ်များဖြင့် နှောင်ဖွဲ့ခဲ့ဖူးသော သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်.။ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုက သူတို့နှစ်ယောက်ကို တကွဲဆီဖြစ်အောင် ခွဲထုတ်လိုက်တာကြောင့် ဝေးကွာသွားခဲ့ရသူတွေပါ.။ အသက်တွေကြီးလာတဲ့အခါမှာတော့ Shinn Joon-Youn ဟာ အောင်မြင်တဲ့ TOp Star တစ်ယောက်ဖြစ်လာခဲ့ပြီး No Eul ကတော့ အောင်မြင်တဲ့ Prouducer တစ်ယောက်ဖြစ်လာတဲ့ပါတယ်။ ငယ်ဘ၀ထုံးဖွဲ့ထားတဲ့ သံယောဇဉ်တွေနဲ့ သူတို့ နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့ အင်မတန်လှပပြီး လွမ်းမောစရာ ပျော်ရွှင်စရာနဲ့ Romatic ဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပြန်လည်အစပျိုးလာပါတော့တယ်.။ DOTS ဇာတ်ကားကဲ့သို့ပင် အပိုင်းများအားလုံးကို အပီးသတ် ရိုက်ကူးပီးမှ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ် (ပြောချင် တာက တော့ သေချာပေါက်အောင်မြင် မယ့်ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်တဲ့) DOTS ဇာတ်လမ်းတွဲပီးနောက်ပိုင်း ပရိတ်သတ်ကို ရသ အပြည့်ပေးစွမ်းနိုင်မယ့် ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှု့ခံစားလိုက်ကြပါဦး.။ July 16 ရက်နေ့ 2016 မှာစတင်ပြသခဲ့တာဖြစ်ပြီး အခုဆို အပိုင်း ၂ အထိရောက်နေပြီဖြစ်ပါတယ်.။

Credit to : Gold Channel

Translated by : Shwesin Yamongnar Oo
Encoded by : Mg Moe Tain
Quality : 702P Bluray

9 Songs( 2004) 21+ မြန်မာစာတန်းထိုး


18+ ထက်ကျော်လွန်ပြီး အချစ်ရဲ့ ခံစားမှု့ရသတွေကို အတုံးလိုက်အတစ်လိုက် ရသအပြည့်ဖော်ပြထားတာကြောင့် 21+ Rating ပေးလိုက်ရခြင်းဖြစ်ပါတယ်.။ အမိုက်စားဇာတ်ကားတစ်ကားပါ.။ ရာသီဥတုဆိုင်ရာပညာရှင် Matt နဲ့ Lisa တို့ဟာ အမေရိကားမှာ သွားရောက်ပညာသင်ကြရတဲ့ အင်္ဂလန်နိုင်ငံမှာ လူငယ်စုံတွဲတစ်ဦးဖြစ်ပါတယ်.။ မက်ဟာ အန္တာတိကတိုက်မှာ အလုပ်လုပ်ခဲ့တာဖြစ်ပေမယ့် Rock ဂီတကို စိတ်ဝင်စားပြီး Rock ဂီတပွဲတွေကို တက်ရတာကို ခုံမင်နှစ်သက်ပါတယ်.။ တစ်ရက်မှာ ဘရစ်စတန်အကယ်ဒမီနဲ့ အခြားပွဲတွေမှာ နားထောင်ခဲ့ဖူးတဲ့ သီချင်း 9 ပုဒ်ရဲ့ ရသအတိုင်း Lisa နဲ့ အတူ အချစ်ဗျူဟာခင်းကျင်းဖို့အတွက် အကြံရခဲ့ပါတယ်.။ အဲ့ဒီ့သီချင်းတွေရဲ့ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတဲ့ရသတွေ အတိုင်း London တစ်ခွင်ကိုလည်ပတ်ရင်းနဲ့ Lisa ဆိုတဲ့ ချစ်သူနဲ့ အတူ အချစ်ဗျူဟာခင်းကျင်းကြပြီး ဘ၀ရဲ့ အရေးပါတဲ့ ကာမဆန္ဒဆိုတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်လို ချိုမြိန်စွာထုတ်ယူစားသုံးကြမလဲဆိုတာ သီချင်း 9 ပုဒ်ရဲ့ ရသနဲ့ အတူ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတာတွေကို ကြည့်ရှု့ခံစားကြရမယ့်ဇာတ်ကားကောင်းတစ်ကားပါ.။ အချစ်ရဲ့ ပြင်းရှရှ အစိတ်အပိုင်းတွေ လှိုက်ဖိုရင်မောစွာခံစားရမှု့တွေ အသည်းခိုက်အောင်ကျေနပ်နှစ်သိမ့်ရမှု့တွေကို ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို မခြွင်းမချန်ဖော်ပြထားတာကြောင့် ကာလသားတွေ အကြိုက်တွေ့စေမယ့် 21+ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် 18+ နှစ်မပြည့်သေးသူ လူငယ်လူရွယ်များနှင့် မိသားစုနှင့် အတူကြည့်ရှု့ ရန်မသင့်တော်ကြောင့် စကားပါးရင်း ဇာတ်ကားအမိုက်စားတစ်ကားကို ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်.။


Credit to : Gold Channel
Translated by : Phyu Phyu Kyaw Thein
Encoded by : Water party yay party


Watch & Download - 600 MB 

Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။   

House Full 3 (2016) မြန်မာစာတန်းထိုး

IMDB 5.6 ရထား​ပေးမယ့်​ တကယ်​​ကောင်းတဲ့ ဇာတ်​ကား​လေးပါ... လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်
Credit to : Gold Channel
Translated by : Paing Soe Hein
Encoded by : Invoker
Quality : HDCAM version
 
 
 
*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။  
 

Sunday 24 July 2016

Colonia Dignidad (2016) မြန်မာစာတန်းထိုး

2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့
စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ
ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး
သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ
ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးဗျာ
(Based On True Story ဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတကားဖြစ်ပြီး
သင်ခန်စာယူဖွယ် သမိုင်းဖြစ်ရပ်များကိုတွေ့ရှိရမှာပါ)
*** Update From www.channelmyanmar.com
File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 


Download & Watch On Pcloud

Download & Watch On Blog


*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 

Friday 22 July 2016

The Danish Girl (2015) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတော့ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ 'Man into Woman ' ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
IMDb Rating (7/10)
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)
*** Update From www.channelmyanmar.com

File size...(950MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:59:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 
  

ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး





ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး

Imdb :7.3/10
အာဇာနည်နေ့အမှတ်တရအနေနဲ့ နိုင်ငံရေးကို အမုန်းတရားတေ အယူဝါဒမှိုင်းတွေ 


အလိမ်အညာစကားတွေနဲ့တည်ဆောက်ခဲ့ပြီး ကမ္ဘာတစ်ခွင်ကို ဒုက္ခရောက်စေခဲ့တဲ့ နတ်ဆိုးကြီးအကြောင်း

 ဇာတ်လမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

 သမိုင်းနောက်ခံကားကောင်းကောင်းကြည့်ချင်သူတွေအတွက် Hitler; Rise of evil ပါ။

 ပထမကမ္ဘာစစ်အပြီးမှာ ဟစ်တလာရဲ့ လှုပ်ရှားမှုတွေကစပြီး ဒုတိယကမ္ဘာစစ်ဖြစ်လာစေတဲ့အကြောင်းရင်း၊

 ဟစ်တလာရဲ့ စိတ်နေစိတ်ထား သဘာဝနဲ့ သူ့ဘဝအကြောင်းကို 

သမိုင်းစာအုပ်တွေမှာ လေ့လာနေစရာမလိုတော့ပဲ အနုပညာမြောက်ဇာတ်ကားတစ်ခုအနေနဲ့ 

ခံစားလို့ရပါပြီ။ အပျော်ဗဟုသုတ ရရုံကြည့်ဖို့သာမက ဒုတိယကမ္ဘာစစ်အကြောင်း၊ စစ်ကိုဖြစ်စေခဲ့သူတွေအကြောင်းနဲ့အတူ

 အဲဒီခေတ်က မြင်ကွင်းတွေ လက်နက်တွေနဲ့ ကမ္ဘာ့သမိုင်းမှတ်တမ်းတစ်ခုကိုသိမ်းဆည်းလိုသူများအတွက်

 မဖြစ်မနေကြည့်သင့်ပြီး သိမ်းဆည်းထားသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

 ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်စနစ်တွေကြားထဲမှာမှ တကယ်တမ်းတော့ 

ကိုယ်အကျိုးအမြတ်အတွက်သာ လူတိုင်းကြည့်ပြီးနိုင်ငံရေးလုပ်ကြပုံတွေကို သမိုင်းဝင် ဟစ်တလာရဲ့ 

မိန့်ခွန်းတွေ၊ ကမ္ဘာကျော် သူ့အမူအရာတွေကို စာအုပ်လှန်ဖတ်နေစရာမလိုပဲ တွေ့မြင်ခံစားရမယ့် 

အခွင့်အရေးပါ။ 

 ဂျူးတွေကို အင်မတန်မုန်းပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဟစ်တလာအကြောင်းရုပ်ရှင်ဟာ mini series

 အမျိုးအစားဖြစ်ပြီး ဒါကတော့ အပိုင်း ၁ ဖြစ်ပါတယ်။ ဒုတိယပိုင်းကိုလည်း 

ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

 ( စကားချပ်အနေနဲ့ကတော့ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုလည်း ဒီဇာတ်ကားက 

ဝါဒဖြန့်ပုံတွေကိုကြည့်ပြီး သင်ခန်းစာရယူနိုင်ကြပါကြောင်း )

Credit to : Gold ChannelTranslated & Encode by: Scarlet Phoenix
Quality : 720P HD




Watch & Download On Blog  


Watch & Download On Blog ပေါ်တွင် ဒေါင်းလုပ်လုပ်နည်းကို ဒီမှာ ကြည့်လိုက်ပါ။
Iphone အုံးပြုပြီး ဒေါင်းလုပ်လုပ်ချင်သူများ ဒီမှာ ကြည့်လိုက်ပါ။ 

Thursday 21 July 2016

Doctors Korea Drama (မြန်မာစာတန်းထိုး)


ဒီကားလေးက နှုတ်ခမ်းနီမလေးတွေရော. Kpop ကြိုက်တဲ့ကွီးတွေရော ကြိုက်မဲ့ကားလေးပါ.
ထွက်တာမကြာသေးပေမယ့် Feedback တွေအရမ်းကောင်းလို့ ဘာသာပြန်တင်ပေးလိုက်ပါတယ်
အက်ရှင်လို့လဲပြောလို့ရသလို ဒရာမာလို့လဲပြောလို့ရပါတယ်
ဘာလို့လဲဆိုတော့ ဇာတ်လိုက်ကောင်မလေးက အရမ်းကြမ်းတယ်ပေါ့ဗျာ. ထပ်ပြောနေရင်
ဇာတ်ကားကိုဖျက်ဆီးသလိုဖြစ်မှာစိုးလို့ ကြည့်သာကြည့်လိုက်ကြပါတော့ဗျာ.
** Gold Channel မှကူး ယူဖော်ပြသည်။။








The Intimate (2005) မြန်မာစာတန်းထိုး 18+


ခရီးသွားခါနီး ကုမ္မဏီဒေ၀ါလီခံထားရတဲ့ သူဌေးတစ်ယောက်နဲ့... အချစ်ကိုဂရုမစိုက်နိုင်ပဲမကြာခင်လက် ယူမဲ့သူဌေးတစ်ယောက်ရဲ့ ဇနီးလောင်းလေးတို့ ဆုံတွေ့ကြပြီး….အချစ်ကိုအဓိပ္ပါယ်ဖွင့်ကြပုံပါ..... ထူးခြားတာက တခြားဇာတ်ကားတွေလိုဇာတ်အိမ်ကိုဆွဲဆန့်မထားတာပါ နာရီပိုင်းအချစ်လို့လည်းခေါ်လို့ရပါတယ်.... ကဲ နာရီပိုင်းလေးအတွင်းမှာပဲ...ဘယ်လောက်ထိချစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးပဲဆက်ကြည့်လိုက်ပါလို့ပြောလိုက်ပါရစေ။
*** Update From www.channelmyanmar.com


Mid Nigh Special (2016) မြန်မာစာတန်းထိုး



2016 ရဲ့ အကောင်းဆုံး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သိပ္ပံဇာတ်ကားကောင်းတစ်ကား.။
Mid Nigh Special (2016) မြန်မာစာတန်းထိုး
=================================
ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။
ရှိတဲ့ budget နဲ့ sci-fi genre ကို ဒီလောက်အဆင့်ထိ ဖန်တီးနိုင်တာ သက်ဆိုင်သူတွေ တော်တော် တော်ကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ writer အဖြစ်ရော ဒါရိုက်တာအဖြစ်ရော တာဝန်ယူထားတဲ့ Jeff Nichols ပေါ့။ ဒီဇာတ်ကား စကြည့်ဖြစ်တဲ့ အကြောင်းအရင်းကလည်း သူနဲ့ သရုပ်ဆောင်တွေကြောင့်လို့ ဆိုရမှာပါ။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေပါရင် ဘာကားဖြစ်ဖြစ် အမြဲတမ်းလိုလို ကြည့်ရတာ စိတ်ကျေနပ်မှုရပါတယ်။ သရုပ်ဆောင်တွေက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို့ပါ။ အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ ကလေးအပါအဝင် သူတို့ အားလုံး အကောင်းဆုံး သရုပ်ဆောင်သွားကြပါတယ်။ ပြီးတော့ ရုပ်ရှင်နည်းပညာပိုင်းကလဲ ဘက်ဂျက်နဲ့ ယှဉ်လိုက်ရင် ချွင်းချက်မရှိ သာပါတယ်။ အထူးသဖြင့် Cinematography နဲ့ အသုံးပြုတဲ့ effect တွေဟာ အတော်ကောင်းမွန်တာ တွေ့ရပါတယ်။ အသံပိုင်းကလဲ ဇာတ်လမ်းနဲ့လိုက်အောင် thrill ဖြစ်လှပါတယ်။ ကျနော့်အဖို့တော့ အဘက်ဘက်က ပြောစရာမရှိအောင် တော်တော် ကောင်းမွန်တဲ့ budget အသင့်တင့် sci-fi thriller တစ်ကားပါ။ ဇာတ်လမ်းအကြောင်းကိုတော့ မပြောချင်ပါဘူး။ နောက်ပြီး thriller ဖြစ်တာကြောင့် မသိဘဲ ကြည့်တာ ပိုကောင်းပါတယ်။ sci-fi ရောထားပေမယ့်လဲ နားလည်ရခက်တဲ့ လိုက်မမှီတဲ့ science facts တွေ မပါတော့ ဘာမှသိမထားပဲ ကြည့်တာ ပြဿနာမရှိပါဘူး။ ကျနော်ဆို ထရေလာတောင် မကြည့်ခဲ့ပါဘူး။
အထူသဖြင့် Jeff Nichols အရင်ဖန်တီးခဲ့တဲ့ drama thriller တွေဖြစ်တဲ့ Shotgun Stories, Mud, Take Shelter တို့ ကြည်ဖူးတဲ့သူတွေ Midnight Special ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဇာတ်ကားကို ကြိုက်မှာ သေချာသလို Jeff ကိုလဲ ပိုပြီး နှစ်သက်လာစေမှာ သေချာပါတယ်။ ဇာတ်ကားက အရမ်းကြီးကောင်းတယ်လို့တော့ မညွှန်းချင်ပါဘူး၊ ဒါပေမယ့် ဒီ budget နဲ့ ဒီလိုကားမျိုးဟာ ကျနော်အဖို့ special ဖြစ်နေတာတော့ အမှန်ပါ။ တစ်နေ့က ကြည့်ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက်ဂျက် အသင့်တင့်နဲ့ အတော် သာမွန်တဲ့ sci-fi thriller တစ်ကားပါ။ MIdnight Specail မှာတော့ သူ့ထက် ပိုကြီးမားတဲ့ set အပြင်အဆင်တွေ ရိုက်ကူးရေးနည်းပညာတွေကြောင့် ပိုသဘောကျမိပါတယ်။ တချို့ sci-fi တွေဆိုရင် budget သန်းရာကျော် သုံးတာတောင် ချာတူးလန်တွေအများကြီးပါ ..
ကျနော်ကတော့ drama thriller တွေဘဲ ရိုက်လာတဲ့ ကိုယ်နှစ်သက်တဲ့ ဒါရိုက်တာ တစ်ယောက်ဆီက ဒီလို အဆင့်မြင့်တဲ့ indie sci-fi thriller ကားလေးဖြစ်မြောက်လာတာ ကျေးဇူးတောင် တင်မိပါတယ်။ Jeff ကတော့ သူ့ရဲ့ ဒါရိုက်တာ career revolution စပြီလို့ ဆိုရမှာပါ..။
Review Credit to - Kaung Suk Han


Wall-E (2008) မြန်မာစာတန်းထိုး



ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်
ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ...
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ...ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..
အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်

ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်....

အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်
 WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်

ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..

ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..

ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..

ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..ဆက်လက်ခံစားကြည့်ရှုကြပါ


Filesize : 697MB
Quality : BrRip 720p
Format : mp4

During : 1:38:11
Subtitle : Myanmar Subtitle (Hardsub)
Encoder : LK


Download And Watch With Pcloud Link 

Hansel and Gretel:Witch Hunters(2013) မြန်မာစာတန်းထိုး



ဂရင်းမ်ညီနောင်ရဲ. မူရင်းပုံပြင်က တောနက်ထဲမှာ ပျောက်ဆုံးသွားတဲ့ ဟန်ဆယ် နဲ. ဂရက်တယ် ဆိုတဲ့ လူမမည်အရွယ် မောင်နှမ နှစ်ယောက်ကို လူသားစား စုန်းမကြီး နဲ. ရင်ဆိုင်ရပုံဇာတ်လမ်းဖြစ်ပါတယ်။
ယခုဇာတ်လမ်းကတော့ သူတို.မောင်နှမ အဲ့သည် စုန်းမကြီးလက်ကထွက်ပြေးလွတ်မြောက်ပြီး နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ စုန်းကဝေတွေကို မြေလှန်ရှာပြီး သုတ်သင်ခြေမှုန်းတဲ့ စုန်းမုဆိုးမောင်နှမဖြစ်နေပုံ ဇာတ်လမ်းဖွဲ.ထားပါတယ်။
ဟန်ဆယ်နဲ.ဂရက်တယ်မောင်နှမအဖြစ် အနက်ရောင်သားရေ၀တ်စုံတွေဝတ် ၊ အားပြင်းတဲ့လက်နက်ဆန်းမျိုးစုံကိုင်ပြီး သရုပ်ဆောင်ထားတဲ့ ဂျရမီရန်နာနဲ. ဂျင်မာအာသာဟန်တို.ဟာ မဂ္ဂဇင်းမျက်နှာဖုံးမော်လ်ဒယ်စုံတွဲနဲ. တူနေပါတယ်။ မြို.ငယ်လေးတစ်မြို.က ကလေးငယ်တွေကို စုန်းမတွေက ပြန်ပေးဆွဲသွားတဲ့ အခါ မြို.တော်ဝန်က ဟန်ဆယ်နဲ. ဂရက်တယ်တို.ကို ဌားရမ်းပြီးကလေးတွေကို ရှာဖွေကယ်တင်ခိုင်းပါတယ်။ သူတို. မောင်နှမဟာ ကလေးတွေကို ကယ်တင်ပြီးတော့ စုန်းမတွေကို နှိမ်နင်းကား စုန်းမအားလုံးရဲ. ခေါင်းဆောင် စုန်းမကြီးမြူ ရီယယ်နဲ. ရင်ဆိုင်တိုက်ခိုက်ကြပုံတွေ ဆက်လက်ရှု.စားကြရမှာဖြစ်ပါတယ်ခင်ဗျာ....
ဒါရိုက်တာ Tommy Wirkola ရဲ့ 88 မိနစ်ရှည်တဲ့ Action, Horror ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ Jeremy Renner, Gemma Arterton နဲ့ Famke Janssen တို့ပါဝင် သရုပ်ဆောင် ထားတဲ့ ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(Movie review မှကူးယူဖော်ပြသည်...)


Zip File size...711MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:34:00
subtitle....မြန်မာစာတန်းထိုး

Download And watch With Pcloud Link Full HD

Ugly Duckling Don't (2015) မြန်မာစာတန်းထိုး

ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ထိုင်းဇာတ်လမ်းလေးနဲ့ကိုကြည့်ရှုကြစို့
ဇီရိုးဆိုတဲ့ ကောင်လေးဟာ မဟုတ်မခံ သူ့ကျောင်းမှာဆိုရင်လည်းလူစွာလူမိုက်...
အဲ့ဒီကျောင်းကိုရောက်ရှိလာတဲ့ ကျောင်းသူလေး Maewnam....
Maewnam ဆိုတာကလည်း ငယ်ငယ်ကတည်းက သူ့ကို ရုပ်ဆိုးတယ်လို့ပြောရင်
ဆိုက်ကိုဝင်ပြီး လူရှေ့သူရှေ့ထွက်မပြရဲသူ.....သူ့မျက်သူတောင်မပြရဲလို့ မျက်နှာကို
ကတ်ထူပုံးစွပ် တက်ခံရပေမယ့် ကျောင်းမှာတကယ်ခင်တဲ့သူငယ်ချင်းနဲ့တယောက်ရရှိခဲ့ပြီး
ဇီရိုးဆိုတဲ့ ကောင်လေးကရော ရုပ်ဆိုးမလေးနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြအုံးမလဲဆိုတဲ့
သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတွေဟာဘယ်လိုဆက်ဖြစ်မှာလဲ...
သံယောဇဉ်တွေ ကိုပဲအရင်ဆောက်တည်မှာလား...အချစ်ဆိုတဲ့အရာကိုပဲဆောက်တည်မှာလား
မေးခွန်းတွေ နဲ့ ကြည့်ရမှာမို့ သူငယ်ချင်းဆိုတဲ့အဖြူရောင်စိတ်ကိုပဲ ဆေးဆိုးကြမှာလားဆိုတာကို
စောင့်မျော်ကြည့်ရင်း အားပေးကြပါအုံးစို့
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုအောင်ပြေကရေးသားပေးခဲ့တာပါ)
အားလုံး အပိုင်း ၇ပိုင်းရှိပြီး ဆက်လက်တင်ပေးသွားမှာမို့ အားပေးလိုက်ကြပါအုံးဗျာ
*** Update From www.channelmyanmar.com
File size...(400MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Wut Mone
Encoder.... Aung Pyay

Wednesday 20 July 2016

Marauders (2016) မြန်မာစာတန်းထိုး


IMDb rating 5.4/10 ရရှိထားတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေး တကားနဲ့
 မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့
ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့
သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့်
FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေပေါ်ပေါက်လာလေမလဲ
ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ဗျာ
File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Linn Thura 1988 

Encoder....Kyaw Ye Aung


Download & Watch On Pcloud 

Download & Watch On Blog

Fighter In The Wind(2004) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေ
ဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ်
၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူး
ဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါဒီဇာတ်ကားလေးကို ဖုန်းဘေကုန်ကျမယ့်ငွေကြေးကိုဂရုမစိုက်ပဲဒေါင်းလိုက် ပါလို့ပြောပါရစေသိမ်းထားသင့်တဲ့ဇာတ်ကားလေးတစ် ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၁ကားမြောက်ဘာသာ ပြန်လေးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်

Download & Watch From Pcloud Full HD

Download & Watch From Pcloud Small File

Download & Watch On Blog Full HD *uploading

Download & Watch On Blog Small File *uploading

The Admiral Roaring Currents (2014) မြန်မာစာတန်းထိုး



ကိုရီးယားနိုင် ငံရဲ့တစ် ချိန် တုန်းကဖြစ် ရပ် မှန် ရာဇ၀င် ကား လေးပါ ကိုရီးယားလူမျိုးတစ် ခုလုံးကို ဂျပန် တွေရဲ့ရန် က နေ ကယ် တင် ခဲ့ ရေတပ် ဗိုကြီး လီဆွန် ရှင်း ရဲ ခေါင်း ဆောင် ကောင်းပီသပုံ စစ် ဗျူဟာ ကောင်းမွန် မှူ့ တွေနဲ့သူရဲ့ ရေတပ် သ င်္ဘော ၁၂စီးထဲနဲ့ ဂျပန် ရေတပ် ကြီးတစ် ခုလုံးကို ဘယ် လိုနည်းဗျူးဟာ တွေနဲ့ အသုံးပြုသွားပုံကို....ဆက်လက်ကြည့်ရှူရမှာ ဖြစ်ပါတယ်
*** Update From www.channelmyanmar.com

Download & Watch From Pcloud Full HD

Download & Watch From Pcloud Small File

Download & Watch On Blog

Secret Travel (2013) မြန်မာစာတန်းထိုး ၁၈+++


ဒီတစ် ခါ တော့ ကိုရီးယား လူကြီး သီးသန့်  ကား လေး နဲ့ မိတ် ဆက် ပေးပါရ စေ
၁၈နှစ် နဲ့ အထက် ကား ဆို ပေမယ့်  ဒရာမာ ဆန် ဆန် နဲ့ ရိုက် ကူးထားတာ တွေ့ရသလို အချို့ ဇာတ် ဝင် ခန်း တွေကလည်း ရင် ဖို ဖွယ် ရာ တွေ နဲ့ ပြည့် နှက် လွန်း နေပါတယ် ။ တစ် ခု တော့ ကြို ပြောထားပါရ စေ.....
ဒီဇာတ် ကားထဲက မင်းသား ကို တော့ မနာလို မဖြစ် ကြပါနဲ့လို့။
ဇာတ် လမ်းက တော့ ခပ် ဆန်းဆန်းထဲကပါ။ In-Man ဆိုတဲ့ ကောင် လေးက ဘဝကို ငြီး ငွေ့ နေတဲ့ပုံစံ။ suicide လုပ် ချင် နေတယ် ဆို ပေမယ် လို့ မ သေခင် မှာ ဘဝရဲ့ အနှစ် သာရ တချို့ကို ကောင်း ကောင်းကြီး ခံစား သွားချင် နေ သေးသူ....
Ji-eun က ကောလိပ် ကျောင်းဖိုး ပိုက် ဆံ တွေ ကြောင့်  အ ကြွေးလည် ပင်း နစ် နေတဲ့ ခပ် ချော ချော ကောင် မ လေး... မ သေခင် မှာ ငွေ တွေ တစ်ခါ လောက် စိတ် ကြိုက် သုံးကြည့် သွားချင် သူ....
Hye-ri ဆိုတဲ့ ကောင် မ လေး က ချစ် သူ ရဲ့ ရက် စက် ခြင်းကို ခံလိုက် ရပြီး လူ့ လောကကြီးကို စိတ် ကုန် သွားသူ...ဘဝမှာ ထပ် ဆုံးရှုံးစရာ မရှိ လောက် တော့ အောင် ဒုက္ခ တွေ ချည်း ခံစားခဲ့ရသူက Cho-hee ဆိုတဲ့ ကောင် မ လေး....
သူတို့ တွေ ဆုံမိကြပြီး suicide club လုပ် ကာ မ သေခင် တစ် ယောက် ဆန္ဒ တစ် ယောက် ဖြည့် စည်း ပေးကြဖို့ တိုင် ပင် ကြရာကမှ ရုပ် ဝတ္ထု ဆန္ဒ တွေက နေ အ သွေးအသား ဆန္ဒ တွေ ပါလာပြီး.....



Watch & Download On Blog*uploading

Stardust (2007) မြန်မာစာတန်းထိုး



Wall လို့ခေါတဲ့ English ရွာလေးတရွာမှာ လျှိုဝှက့်ချက်တခုရှိပါတယ် ရွာအစွန်ကတံတိုင်းအရှည်ကြီးရဲ့တဖက်ကမ်းမှာ မှော်အတတ်တွေ စုန်းကဝေတွေ ထူးခြားဆန်းကြယ်မှုတွေ
ပြည့်နှက်နေတဲ့ Stormhold တိုင်းပြည်ကြီးရှိပါတယ်။ အဲဒီရွာလေးက မိခင်မဲ့ Tristan Thorn လို့ခေါတဲ့လူငယ်လေးတယောက်ဟာ တခြားတယောက်နဲ့အပြိုင် Victoria
ဆိုတဲ့ကောင်မလေးကိုသဘောကျနေပြီး သူ့ရဲ့အချစ်ကိုရဖို့ကြိုးစားတဲ့အချိန်မှာတော့ Victoria က သူတို့၂ယောက်ထဲထိုင်နေချိန် ကြယ်ကြွေတာမြင်တော့ နင်ငါကိုတကယ်ချစ်ရင်
အဲ့ကြယ်ကြွေကိုရအောင်ယူပြီး ၇ရက်အတွင်းပြန်လာရင် (မဟုတ်ရင်သူများနဲ့ယူတော့မှာပါ) လက်ထက်မယ်လို့ပြောတဲ့အတွက် အချစ်ရုး Tristan ကကြယ်ကြွေရာ
Stormhold နယ်ထဲကိုသွားဖို့ကြံပါတော့တယ်...အဲအချိန်မှာပဲကြယ်ကြွေတဲ့နေရာမှာ ကြယ်မဟုတ်ပဲ ကောင်းကင်ကမတော်မဆပြုတ်ကျလာတဲ့ နတ်သမီးတပါး Yvaine ဖြစ်နေပါတယ်
အဲဒီကြယ်ကိုလိုချင်တဲ့လူတွေကတော့ Tristan တယောက်ထဲမဟုတ်ပါဘူး Stormhold ကစုန်းမသုံးယောက်ကလည်း ကြယ်ကြွေသားစားရင် နုပျိုတဲ့အတွက် လိုက်ရှာပါတယ်၊
Stormhold ဘုရင်ကလည်းသေခါနီး သူ့နေရာကို ထီးနန်းအပြိုင်လုတယောက်နဲ့တယောက် လုပ်ကြံနေကြတဲ့ ညီအကို၇ယောက်ထဲကနောက်ဆုံး ၂ယောက်ကို
ထီးနန်းလိုချင်ရင် အဲဒီကျသွားတဲ့ကြယ်ကြွေကိုယူခဲ့ဆိုတော့ အဲဒီမင်းသား၂ယောက်ကလည်းအပြိုင်လိုက်ရှာကြပါတော့တယ်..
အဲလိုအပြိုင်ရှာဖွေရင်းနဲ့.....
Tristan ကပဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ရရှိပြီး ၇ရက်အတွင်းအမှီပြန်နိုင်မလား.....
စုန်းမသုံးယောက်ထဲကတယောက်ပဲမှော်အတတ်တွေသုံးပြီး Yvaine ကိုရသွားမလား.......
မင်းသား၂ယောက်ထဲကဘယ်သူများကြိုးစားရှာဖွေပြီးရမလဲ...............ဆိုတာကို
ဇာတ်လမ်းမြုပ်ကွက်လေးတွေ မထင်မှတ်ပဲဖြစ်နိုင်တာလေးတွေကို စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်ရိုက်ကူးထားတဲ့ စွန့်စားခန်းအချစ်ကားတစ်ကားပါ။
ကျတော်အရမ်းကြိုက်တဲ့ဇာတ်ကားတကားဆိုရင်လည်းမမှားပါဘူး
Translated by : Alice
Credit : Gold Channel
Watch & Download From Pcloud 

Watch & Download On Blog * uploading

Sixth Sense (1999) မြန်​မာစာတန်းထိုး



အမေရိကန် supernatural horror-thriller ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးတဲ့
The Sixth Sense
imdb rating 8.1
Rotten Tomatoes 85%
Metacritic 64% ထိရထားပြီး
ကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့
ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်
ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှု
ဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.....
သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်
မှာ ဒီိလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာ
သူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်.....
ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့
စရိုက်တခုပါလာခဲ့တယ် သူဟာဝိဥာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး
ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်
ကြည့်ရင်းတွေးရတဲ့ဇာတ်ကားမျိုးဖြစ်တာကြောင့် အညွှန်းအများကြီးမဆက်တော့ပါဘူး
ကြည့်ဖြစ်အောင်ကြည့်လို့သာ လက်တို့ပါရစေ

Duration .........1:35:44
Quality.............Br-rip 720p
Subtitle.............Hardsub(Myanmar)
Translator.........Aung Aung Oo
Encoder ............Aung Aung Oo




Download & watch 720p

Download & watch 360p

The Trust (2016) မြန်မာစာတန်းထိုး


မင်းသားကြီး နီကိုလပ်ကေ့စ် ရဲ့ ၂၀၁၆ ထွက် စုံထောက်ကားလေးတကားနဲ့
မိတ်ဆက်ပေးပရစေ။ဇာတ်ကားလေးကတော့ IMDb rating 5.4/10 ရရှိထားပြီး
စိတ်ဝင်စားဖို့အတော်ကောင်းတာကိုတွေ့ရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ LVPD ရဲ့ သက်သေခံပစ္စည်းထိန်းသိမ်းရေး
တာဝန်ခံ နီကိုလပ်ကေ့စ်ဟာ တရက် မထင်မှတ်ဘဲ ကားတစ်စီးကို သိမ်းမိရာမှာ
ကား အင်ဂျင်ဘလောက်တုန်းအတွင်းမှ ဘိန်းဖြူများအားတွေ့ရှိပြီး
ဘိန်းမှောင်ခိုဂိုဏ်းကို ဆက်စပ် စုံစမ်းရာမှ ဘိန်းမှောင်ခိုင်ဂိုဏ်း၏
ဘိန်းများနှင့် ပိုက်ဆံများအား သိမ်းဆည်းထားရာ နေရာအား စုံစမ်းမိပြီး
ဘယ်လိုတွေများ လမ်းမှားလိုက်မိမလဲ လောဘတက်ပြီး ဘယ်လိုတွေဖြစ်မလဲ
ဆိုတာ သိခြင်ပါက ဒီ ယုံကြည်မှုလို့ အမည်ရတဲ့ကားလေးကို ကြည့်လိုက်ကြပါလို့
အကြံပြုလိုက်ပါရစေ။
ကဲဗျာ အောက်ကလင့်မှာဒေါင်းယူကြည့်ရှု အားပေးကြပါအုံးဗျာ


**Pcloud နှစ်နေရာကနေတင်ပေးထားပါတယ်


Tuesday 19 July 2016

-Independence Day: Resurgence (2016) မြန်မာစာတန်းထိုး HDTS Version

Independence Day ဆိုတဲ့ စိတ်ကူးယဉ်အက်ရှင် ဇာတ်ကားလေးဖြစ်ပါတယ့်။ 1996 က ထွက်ရှိခဲ့တဲ့ Independence Day ဇာတ် ကားရဲ့ အဆက်အဖြစ် ၂၀ ရာစု မြေခွေးရုပ်ရှင်ထုပ်လုပ်ရေးကနေ ဖြန့်ချိထားတာ ဖြစ်ပါတယ်။ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ ဇူလိုင် ၁ ရက်ကစပြီး ပြသတော့မှာဖြစ်ပါတယ်။။ 
ဒီဇာတ်ကားမှာ လီယမ်ဟမ်းစ်ပေါ့သ်၊ ဂျက်စီအက်ရှာစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။
ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး မကောင်းတဲ့ဝေဖန်မှုတွေရှိပေမယ့် ရုံတင်ပြသမှုက အမေရိကန် ဒေါ်လာ 143 သန်းကျော်ဝင်ငွေရရှိခဲ့တာမို့ ကိုယ်တိုင်ဝေဖန်အကဲဖြတ်လိုက်ပါဦ့း
HDTS Version နဲ့ ပရိတ်သတ်လက်ထဲကို ဦးစွာတင်ဆက်လိုက်ပါတယ်

Credit to : Gold Channel
Translate by: Scarlet Phoenix
Encode by : Invoker

13 Hours: The Secret Soldiers of Benghazi (2016) မြန်မာစာတန်းထိုး 720P HD

                                                 
2016 ခုနှစ်ရဲ့ အကောင်းဆုံး Action စစ်ကားကောင်းတစ်ကား။ 
 
Imdb Ratin 7.4/10 ရထားတဲ့ ကားကောင်းတစ်ကားပါ.။
 
13 နာရီကြာ Libya နိုင်ငံ Benghazi က တိုက်ပွဲ တခုက ရင်ထဲကို အဲ့လောက်ထိ ရောက်မယ်လို့ 

မထင်ထားမိတာ အမှန်ပဲလို့ ပထမ ဝန်ခံပါရစေ..(ဒီကားကို ရုံမှာကြည့်ဖို့ ကြိုးစားခဲ့တယ် ..အကြောင်း

 အမျိုးမျိုးကြောင့် မကြည့်ဖြစ်ခဲ့ဘူး... Review နဲ့ Rating အချို့ကြောင့်လဲပါတယ်...)ဇာတ်လမ်းကို

 အရမ်းကြိုက်မိတဲ့အတွက် Plot လုံးဝ မပြောတော့ပါဘူး... အနည်းငယ်မှ မ Spoil ချင်ပါဘူး...
 
2013 တုန်းက Lone Survivor က စစ်ကားကောင်းတကား ဖြစ်မှာပါ...(Limited Release)
 
2014 ဆိုရင် oscar nomination ဝင်ခဲ့တဲ့ American Sniper.
..
2016 အတွက်ကတော့13 Hours The Secret Soldiers of Benghazi ပဲလို့ပဲပြောပါရစေ.
 
..ဒီနှစ်အတွက် ပထမဆုံး oscar nomination ဝင်စေချင်မိတဲ့ ဇာတ်ကားပါ...One of Best Heartfelt films 
လို့ပဲပြောပရစေ....Drama အငွေ့အသက်တွေနဲ့ နိုင်ငံရေး အခြေအနေကို တစေ့တစောင်းမြင်စေခဲ့တဲ့

 အရမ်းကောင်းတဲ့ Action ကားတကားပါ...True Story ဆိုတော့ရင်ထဲပိုထိပါတယ်.
 ..
ဇာတ်ကား ကြာမြင့်ချိန် 2နာရီ 24မိနစ်ခန့် မှာ ပထမ တနာရီပြီးတာနဲ့ ဆက်တိုက်ဆိုသလို Action 

အပြည့်ပါ...
 
 Action ပရိသတ် တွေ အလွန် သဘောတွေ့မဲ့ ဇာတ်ကားလို့ပဲပြောပါရစေ...
 
Review Credit to-MMDB
 
Watch & Download Here 
 
Pcloud Download Link - 900MB
 
Encode by: Mg Moe Tain

 

Watch and Download Here
 
 
 
 
 
 

A Chinese Odyssey Part Two - Cinderella (မြန်မာစာတန်းထိုး)

A Chinese Odyssey Part Two - Cinderella (မြန်မာစာတန်းထိုး)

တရုတ်ဟာသဘုရင်လို့ တင်စားခေါ်ဝေါ်ရမယ့် ဟာသမင်းသားကြီး စတီဗင်ချောင်ရဲ့ မျောက်ဘုရင် စွန်းဝူခုန်းဇာတ်လမ်းပါ.။ ကျွန်တော်တို့ သိထားကြ ကြည့်ဖူးထားကြတဲ့ Jounery to the West ဇာတ်လမ်းတွေလို ဆရာတော်နှင့်အတူကျမ်းစာပင့်တဲ့ ဇာတ်လမ်းမျိုးမဟုတ်ပဲနဲ့ ဆရာတော်ကိုပင် ဂရုမစိုက်ထင်ရာစိုင်းတတတ်တဲ့ ၀ူခုန်းကို တွေ့မြင်ရမှာဖြစ်ပြီး ၀ူခုန်းဘ၀မှ ကျိန်စာသင့်ပြီး သာမန်လူသားဘ၀မှာ ချစ်ခြင်းမေတ္တာတွေ ဘ၀ရဲ့ အနှစ်သာရတွေ ၊ တရားသဘောတွေကို သိရှိခံစားရပုံကို အဆန်းတကြယ်မြင်တွေ့ရမှာပါ .။ စတီဗင်ချောင်ဆိုတဲ့ အတိုင်း အလန်းစားဟာသတွေနဲ့ ကောင်းမွန်တဲ့ ကွန်ပြူတာ Effect တွေ စိတ်နှလုံးလှုပ်ရှားဖွယ်ရာ ဂီတသံစဉ်တွေနဲ့ အတူ စီးမျောခံစားကြရမယ်ဆိုတာ ရဲရဲကြီးကို အာမခံနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။။

ဘာသာပြန်ကို ကိုအာကာဟိန်းပြန်ပေးထားတာဖြစ်ပြီး Encoding Mg Moe Tain ပြုလုပ်ပေးထားတာဖြစ်ပါတယ်.။
 Credit To : Gold Channel