Wednesday 31 August 2016

Download & Watch On Blog တွင် ဒေါင်းလုပ် လုပ်နည်း


ကျွန်တော်တို့ blog ပေါ်တွင်ဒေါင်းလုပ်လုပ်နည်းကို ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်။။
Android ဖုံးအသုံးပြုသူများအတွက် pcloud အကောင့်မလိုပဲ အလွယ်တကူ ဒေါင်းလုပ်လုပ်လို့ရမှာ
ဖြစ်ပါတယ်။။ မိမိတို့၏ ဖုံးကို အသုံးပြုပြီး တင်ထားသော ပုံအတိုင်းအဆင့်ဆင်လုပ်သွားလိုက်ပါ။ အလွယ်တစ်ကူဒေါင်းလုပ်လုပ်လို့ရတာတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့တင်ပေးထားသော Download icon မှ
ဒေါင်းလုပ်လင့်ဟာ ဒေါင်းလုပ်လူဦးရေများလာတာနဲ့ over download limited ဖြစ်ပြီး ဒေါင်းလုပ် လုပ်လို့ရမှာ မဟုတ်တော့ပါဘူး အဲဒီလိုဒေါင်းလုပ်လုပ် လို့မရသောအချိန်တွင် ကျွန်တော်တို့ပေးသော ဒီနည်းအတိုင်းသာ ဒေါင်းလုပ်လုပ်လိုက်ပါ အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်

ပုံ (၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

Iphone အသုံးပြု သူများဒေါင်းလုပ် လုပ်ရန် နည်းလမ်း


ကျွန်တော်တို့ Blog မှ တင်ထားသော ဇာတ်ကားများကို iphone အသုံးပြုသူများ အလွယ်တကူဒေါင်းလုပ် လုပ်နိုင်ရန် နည်းလမ်းလေးတစ်ခု ရှာတွေ့ထားပါတယ်။ မိတ်ဆွေတို့၏ iphone ထဲတွင် App လေးတစ်ခု ထည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ App လေးကိုလည်း iphone ထဲက App Store မှာ အလွယ်တစ်ကူ ဒေါင်းလုပ်ယူလို့ရပါတယ်။ လုပ်နည်းလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။ ပထမဦးဆုံး iphone ထဲက App Store ကို သွားပြီး
Mediatap လို့ ရိုက်ပြီးရှာလိုက်ပါ။ ကျွန်တော်တို့ Mediatap ရဲ့ပုံ လေးကိုလည်းတင်ပေးထားပါတယ်။ အဲဒီပုံ လေးကို တွေ့ရင် Apple ID ထည့်ပြီး install လုပ်လိုက်ပါ။ ပြီးရင် Mediatap ထဲသွားပြီး ကျွန်တော်တို့တင်ပေးထားသော ဒေါင်းလုပ်လင့်ကို ကော်ပီကူးပြီး ထည့်လိုက်ပါ။
ရုပ်ရှင် ကြည့်သော page ကို ရောက်ရင် အောက်က ဒေါင်းလုပ် Button လေးကို နှိပ်ပြီး save လုပ်ပေးလိုက်ပါ။ ဒေါင်းလုပ် လုပ်နေတာ တွေရပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ့်
အဆင်မပြေတာ ရှိရင်လဲ comment မှာ ပြောခဲ့ပါ။ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ့်





Tuesday 26 July 2016

Every Child is Special (2007) မြန်မာစာတန်းထိုး




IMDb Rating (8.6) ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ...
3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ...
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ
အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး
သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ...လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့
ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ...အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို
တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်....
- တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..
ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..
မှန်ပါတယ်...ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန် ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား
တစ်ခုဆောက်ခိုင်းပါမယ်...သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်...
တံတားကိုဆောက်ပါပြီ...တံတားက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ဖြောင့်ဖြောင့်တန်းတန်း
မဆက်မိတော့ပါဘူး....ဘာလို့ပါလိမ့်...?????
အဖြေကတော့ ကျွန်တော်တို့ ကမ္ဘာ ဟာအလုံးကြီးပါ...ဘောလုံးလို အခုံးမျက်နှာပြင်ပေါ်က တြိဂံတစ်ခုရဲ့
အတွင်းထောင့်တွေပေါင်းခြင်းဟာ 180 ထက်ကြီးပါတယ်...
အခွက်မျက်နှာပြင်ဆိုရင်180ထက်ငယ်ပါတယ်...Relativity သဘောတရားကိုတွေ့ရပါမယ်...
(ဒီထက်ပိုပြီးလေ့လာချင်ရင် Einstein's Theory of General Relativity ကိုလေ့လာသင့်ကြောင်းပါ)

(ဒီဇာတ်ကားကို ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ခဲ့သော ညီလေး ညီသံလွင်
ကိုကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...)


My Way(2011) - မြန်မာစာတန်းထိုး


တကယ့်အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ IMDb Rating(7.7/10)ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ကသာသားလေး မှရေးသားပေးခဲ့တာပါ။ pCloud ကနေ ဖိုင်ဆိုဒ် 336 MB နဲ့ တင်ပေးလိုက်ပါတယ်

Monday 25 July 2016

Uncontrollably Fond (2016) Korea Drama Series - မြန်မာစာတန်းထိုး

လက်ရှိ Hot အဖြစ်ဆုံး Doctors စီးရီးကိုကျော်ဖြတ်ပြီး နံပါတ် ၁ နေရာကို ချိတ်မယ်လို့ ရေပန်းစားနေတဲ့ ကိုရီးယားစီးရီးကောင်းလေးတစ်ခုပါ.။ Shin Joon-young (Kim Woo-bin) နှင့် No Eul (Bae Suzy) တို့ဟာ ကလေးဘ၀ထဲက သံယောဇဉ်များဖြင့် နှောင်ဖွဲ့ခဲ့ဖူးသော သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်.။ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုက သူတို့နှစ်ယောက်ကို တကွဲဆီဖြစ်အောင် ခွဲထုတ်လိုက်တာကြောင့် ဝေးကွာသွားခဲ့ရသူတွေပါ.။ အသက်တွေကြီးလာတဲ့အခါမှာတော့ Shinn Joon-Youn ဟာ အောင်မြင်တဲ့ TOp Star တစ်ယောက်ဖြစ်လာခဲ့ပြီး No Eul ကတော့ အောင်မြင်တဲ့ Prouducer တစ်ယောက်ဖြစ်လာတဲ့ပါတယ်။ ငယ်ဘ၀ထုံးဖွဲ့ထားတဲ့ သံယောဇဉ်တွေနဲ့ သူတို့ နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့ အင်မတန်လှပပြီး လွမ်းမောစရာ ပျော်ရွှင်စရာနဲ့ Romatic ဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပြန်လည်အစပျိုးလာပါတော့တယ်.။ DOTS ဇာတ်ကားကဲ့သို့ပင် အပိုင်းများအားလုံးကို အပီးသတ် ရိုက်ကူးပီးမှ ထုတ်လွှင့်ပြသမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ် (ပြောချင် တာက တော့ သေချာပေါက်အောင်မြင် မယ့်ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်တဲ့) DOTS ဇာတ်လမ်းတွဲပီးနောက်ပိုင်း ပရိတ်သတ်ကို ရသ အပြည့်ပေးစွမ်းနိုင်မယ့် ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှု့ခံစားလိုက်ကြပါဦး.။ July 16 ရက်နေ့ 2016 မှာစတင်ပြသခဲ့တာဖြစ်ပြီး အခုဆို အပိုင်း ၂ အထိရောက်နေပြီဖြစ်ပါတယ်.။

Credit to : Gold Channel

Translated by : Shwesin Yamongnar Oo
Encoded by : Mg Moe Tain
Quality : 702P Bluray

9 Songs( 2004) 21+ မြန်မာစာတန်းထိုး


18+ ထက်ကျော်လွန်ပြီး အချစ်ရဲ့ ခံစားမှု့ရသတွေကို အတုံးလိုက်အတစ်လိုက် ရသအပြည့်ဖော်ပြထားတာကြောင့် 21+ Rating ပေးလိုက်ရခြင်းဖြစ်ပါတယ်.။ အမိုက်စားဇာတ်ကားတစ်ကားပါ.။ ရာသီဥတုဆိုင်ရာပညာရှင် Matt နဲ့ Lisa တို့ဟာ အမေရိကားမှာ သွားရောက်ပညာသင်ကြရတဲ့ အင်္ဂလန်နိုင်ငံမှာ လူငယ်စုံတွဲတစ်ဦးဖြစ်ပါတယ်.။ မက်ဟာ အန္တာတိကတိုက်မှာ အလုပ်လုပ်ခဲ့တာဖြစ်ပေမယ့် Rock ဂီတကို စိတ်ဝင်စားပြီး Rock ဂီတပွဲတွေကို တက်ရတာကို ခုံမင်နှစ်သက်ပါတယ်.။ တစ်ရက်မှာ ဘရစ်စတန်အကယ်ဒမီနဲ့ အခြားပွဲတွေမှာ နားထောင်ခဲ့ဖူးတဲ့ သီချင်း 9 ပုဒ်ရဲ့ ရသအတိုင်း Lisa နဲ့ အတူ အချစ်ဗျူဟာခင်းကျင်းဖို့အတွက် အကြံရခဲ့ပါတယ်.။ အဲ့ဒီ့သီချင်းတွေရဲ့ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတဲ့ရသတွေ အတိုင်း London တစ်ခွင်ကိုလည်ပတ်ရင်းနဲ့ Lisa ဆိုတဲ့ ချစ်သူနဲ့ အတူ အချစ်ဗျူဟာခင်းကျင်းကြပြီး ဘ၀ရဲ့ အရေးပါတဲ့ ကာမဆန္ဒဆိုတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်လို ချိုမြိန်စွာထုတ်ယူစားသုံးကြမလဲဆိုတာ သီချင်း 9 ပုဒ်ရဲ့ ရသနဲ့ အတူ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတာတွေကို ကြည့်ရှု့ခံစားကြရမယ့်ဇာတ်ကားကောင်းတစ်ကားပါ.။ အချစ်ရဲ့ ပြင်းရှရှ အစိတ်အပိုင်းတွေ လှိုက်ဖိုရင်မောစွာခံစားရမှု့တွေ အသည်းခိုက်အောင်ကျေနပ်နှစ်သိမ့်ရမှု့တွေကို ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို မခြွင်းမချန်ဖော်ပြထားတာကြောင့် ကာလသားတွေ အကြိုက်တွေ့စေမယ့် 21+ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် 18+ နှစ်မပြည့်သေးသူ လူငယ်လူရွယ်များနှင့် မိသားစုနှင့် အတူကြည့်ရှု့ ရန်မသင့်တော်ကြောင့် စကားပါးရင်း ဇာတ်ကားအမိုက်စားတစ်ကားကို ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်.။


Credit to : Gold Channel
Translated by : Phyu Phyu Kyaw Thein
Encoded by : Water party yay party


Watch & Download - 600 MB 

Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။   

House Full 3 (2016) မြန်မာစာတန်းထိုး

IMDB 5.6 ရထား​ပေးမယ့်​ တကယ်​​ကောင်းတဲ့ ဇာတ်​ကား​လေးပါ... လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်
Credit to : Gold Channel
Translated by : Paing Soe Hein
Encoded by : Invoker
Quality : HDCAM version
 
 
 
*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။