Friday, 24 June 2016
Norm Of The North (2016) မြန်မာစာတန်းထိုး
ကလေး၊ လူကြီးမရွေး သဘောကျမယ့် စွန့်စားခန်းသရီး ဒီအန်နီမေးရှင်းဇာတ်ကားသစ်လေး ထွက်လာပြန်တာကြောင့် ပရိသတ်တွေအကြိုခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဝက် ဝံ)တစ်ကောင်ဖြစ်တဲ့ နောမ်ဟာ ဘယ်လိုအမဲလိုက်ရတယ်ဆိုတာ မသိတဲ့ ဝက်ဝံတစ်ကောင်ဖြစ်ပြီး သူ့မှာရှိတဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုကတော့ လူတွေလိုစကား ပြောတတ်တာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ အာတိတ်ဒေသကို လူတွေလာလာပြီး လေ့လာကြတဲ့ အခါမှာ နေစရာ၊ တည်းခိုစရာမရှိ တဲ့အတွက် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ယောက်က အပန်းဖြေအိမ် တွေ၊ ကွန်ဒိုတွေ ဆောက်လုပ်ဖို့ကြံစည်နေတဲ့အတွက် အာတိတ် ဒေသက တိရစ္ဆာန်တွေတိုင်ပင်ပြီး အဲဒီလုပ်ငန်းရှင်သူဌေးရှိတဲ့ နယူး ယောက်ကို နောမ်ကိုလွှတ်ပြီး တားဆီးခိုင်းဖို့လုပ်ခဲ့ပါတယ်။
အိမ်ခြံမြေသူဌေး မစ္စတာ ဂရင်နီကြောင့် မွေးရပ်မြေပျက်စီး ကိန်းဆိုက်နေတဲ့အတွက် နောမ် ဟာ ဗြောင်းဆန်အောင်ဆော့တဲ့ သူ့မိတ်ဆွေ လမ်မင်ကြွက်ကလေး သုံးကောင်ကို အဖော်အဖြစ်ခေါ် ပြီး သင်္ဘောကြီးနဲ့ နယူးယောက်ကို လိုက်သွားခဲ့ပါတယ်။
အာတိတ်ဒေသနဲ့ ဆန့်ကျင် ဘက်မြင်ကွင်းတွေရှိတဲ့ နယူး ယောက်မှာ နောမ်တို့ခြေချမိတဲ့ အခါ ကြုံရတဲ့အလွဲလွဲအမှားမှား လေးတွေကလည်း ပရိသတ်တွေ ကို ရယ်ရွှင်ကြည်နူးမိစေမှာပါ။ နောမ်ဟာ အဲဒီအိမ်ခြံမြေကော်ပို ရေးရှင်းရဲ့ လာဘ်ကောင်အဖြစ် ဝင်လုပ်ခဲ့ပြီး အာတိတ်ဒေသကို အဖျက်အမှောင့်လုပ်မယ့် သူဌေး ရဲ့ အစီအစဉ်တွေကို တိတ်တ ဆိတ်စုံစမ်းခဲ့ပါတော့တယ်။
လုပ်ငန်းခွင်ထဲရောက်နေတဲ့ နောမ်က အာတိတ်ဒေသ ပျက်စီးမယ့် အရေးကို တားဆီးနိုင်မှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Ice Age ဇာတ်လမ်းလိုမျိုးလေးပဲဖြစ်လို့ ဒီမှာကော ဘယ်လိုအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားသလဲဆိုတာ မြည်းစမ်းကြည့် ဖို့ တိုက်တွန်းလိုက်ပါတယ်။ တ၀ါးဝါးတဟားဟားနဲ့ ဘ၀င်ကျစရာ မိသားစုနဲ့ အတူကြည့်ဖို့ သင့်တော်တဲံကားမျိုးပါ.။
Credit to -7day Daily
You Are the Apple of My Eye (2011) မြန်မာစာန်းထိုး
ဒီကားလေးကို Channel Myanmar ရဲ့ ဘာသာပြန်သူ ကိုမျိုးကို က ဘာသာပြန်ပေးထားပါတယ်
ကျောင်းသား လူငယ်တွေရဲ့ ပုံစံ စိတ်ဓါတ် ဆိုးသွမ်းမှု ကြိုးစားမှု အချစ်ရေးတွေဟာ
တစ်ချိန်က ကျောင်းတော်ကြီးကို လွမ်းမိစေအောင် ရိုက်ကူးထားသလို ရိုက်ကွက်တွေကလဲ
ရိုးရှင်းပြီး ဆွဲဆောင်ထားပြန်ပါတယ်...
ဇတ်လမ်း သဘောကို အရမ်း ပြောချင်နေပေမယ့် ဒီဇတ်လမ်း အအစအဆုံးကို ကြည့်ပြီးသူပီပီ
အရသာ ပျက်သွားမှာစိုးလို့ Download ဆွဲပြီး ကြည့်ရှုကြပါရန်....
*** Update From www.channelmyanmar.com
Thursday, 23 June 2016
The VVitch (2015) (မြန်မာစာတန်းထိုး)
၁၇ ရာစု New England မှာပါ။ ဘာသာရေးအရမ်းလိုက်စားတဲ့ လယ်သမားမိသားစုတစ်စုဟာ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ မဖော်ပြထားတဲ့ ပြစ်မှုတစ်ခုကြောင့် Plantation တစ်ခုကနေ ထွက်လာရပြီး တောစပ်မှာအိမ်ဆောက် နေထိုင်ကြပါတယ်။ တစ်ရက်မှာ ကလေးအငယ်ဆုံးဖြစ်တဲ့ Sam ဟာ မျက်စိရှေ့တင် ပျောက်ဆုံးသွားလို့ မိသားစုဟာ အကြောက်တရားတွေ၊ စိတ်ဆင်းရဲစရာတွေနဲ့ပြည့်လာပြီး ကလေးပျောက်သွားတဲ့အချိန်မှာ ကလေးထိန်းနေတဲ့ မိသားစုရဲ့အကြီးဆုံးသမီး Thomasin ကိုလည်း အမြင်မကြည် အပြစ်တွေတင်လာပါတယ်။ ကြားထဲမှာလည်း အင်မတန်စကားတတ်တဲ့ အမြွှာနှစ်ယောက်ဟာ Thomasin ကို စုန်းမလို့ စွပ်စွဲတာတွေရှိလာရင်း မိသားစုမှာ ပြဿနာတွေ တဖြည်းဖြည်းကြီးလာလို့ ဘာသာရေးယုံကြည်မှုတွေ၊ မိသားစုဝင်အချင်းချင်းကြားက ယုံကြည်မှုတွေကို မေးခွန်းထုတ်စရာတွေဖြစ်လာတော့ပါတယ်။
၁၇ ရာစု Colonial America မှာဖြစ်ခဲ့တဲ့ စုန်းအတတ်ကျင့်တယ်ဆိုပြီး လူတွေကိုဖမ်းဆီး သေဒဏ်ပေးခဲ့တဲ့ Salem Witch Trials အဖြစ်အပျက်တွေကိုအခြေခံရိုက်ထားတာဖြစ်ပြီး သိရသလောက်တော့ ဒီရုပ်ရှင်အခြေတည်တဲ့အချိန်က အဲ Trial တွေမဖြစ်ခင် မျိုးဆက်တစ်ခုအလိုကလို့ ဆိုပါတယ်။ စုန်းကဝေကားဆိုလို့ ဒီကားကို မှော်အတတ်တွေ၊ spell တွေနဲ့ နှာခေါင်းကောက်ကောက် စုန်းမကြီးတွေဆိုတာမျိုး မမြင်မိပါနဲ့။ ဒီကားက Horror ကားစစ်စစ်ဖြစ်ပါတယ်။
သရဲကားတွေ horror ကားတွေအများကြီးပါ။ ဘယ်လောက်ဘဲကြောက်ဖို့မကောင်းဖူးပြောပြော ကားတိုင်းက ဝုန်းကနဲ ဒိုင်းကနဲ ကြည့်သူကို လန့်အောင် Jump scare တွေသုံးပြီး လုပ်နိုင်တာတွေချည်းပါ။ ဟိုဘက်ကြည့် ဘာမှမရှိ၊ ဒီဘက်ပြန်ကြည့် သရဲက နောက်ရောက်နေပြီး နောက်ခံတီးလုံးက ဗြန်းကနဲဆိုတော့ တော်ရုံလူထခုန်မိတာ အမှန်ပါပဲ။ ဟိုတစ်ခေါက်က ရုံတင်တဲ့ The Other Side of the Door လိုပေါ့။ ကြည့်တော့ သရဲကိုကြောက်တယ်ဆိုတာထက် ကိုယ့်ကိုမလန့်လန့်အောင် ခြောက်မဲ့အကွက်ကိုပဲ လန့်နေရတာ။ ကြည့်ပြီး ရင်ထဲဘာမှမကျန်ဘူး။ အခု The VVitch ကတော့ ကြောက်ဖို့ကောင်း လန့်ဖို့ကောင်းတဲ့ကားထက် ခြောက်ခြားစရာကားလို့ပြောရင် ပိုမှန်ပါမယ်။
ဒီကားရဲ့ အဓိကအနှစ်နှစ်ခုက နောက်ခံတီးလုံးနဲ့ cinematography ပါ။ ဘာဆိုဘာမှ ကြောက်စရာမရှိတဲ့ တောစပ်နေရာကို ပြနေပေမဲ့ colour နဲ့ နောက်ခံတီးလုံးတွေကြောင့် လူက ခြောက်ခြားပြီး စိတ်တွေလေးလံမိအောင်လုပ်ထားနိုင်တယ်။ နောက်ကျွန်တော် သဘောကျတာက တခြား horror ကားတွေလိုမျိုး သရဲ၊ အကောင် (ဒီကားမှာဆို စုန်းမ) ကို အကောင်အထည်နဲ့ သေချာမပြထားဘူး။ ပြတော့လည်း နိုင်ငံခြား review တစ်ပုဒ်မှာရေးထားသလိုပါပဲ။ စုန်းမရော စုန်းမဘာလုပ်နေတယ်ဆိုတာရော မြင်လည်းမြင်ချင်တယ်၊ ကြည့်လည်းမကြည့်ချင်ဘူး ဆိုတာမျိုးဖြစ်အောင်လုပ်ထားနိုင်တယ်။ ကျွန်တော်အရင်ဆုံးသဘောကျမတဲ့အကွက်ကတော့ စစချင်း သူတို့ plantation က ထွက်တဲ့အခန်းမြင်ကွင်းပါ။ ကိုယ်လည်းထွက်သွားရော gate ကြီးပိတ်ပြီး အထဲကလူတွေကလည်း ကြည့်ပြီးကျန်ခဲ့တာကို ရိုက်ပြထားတာက ကိုယ်ကိုယ်တိုင်ကလည်း အထီးကျန်သလို လွမ်းဆွေးသလို ခံစားရတယ်။ တကယ်ကြမ်းပါပီဟေ့ဆိုတဲ့အခန်းဆိုလည်းသူများ သရဲကားတွေက ပျော်ပျော်ကြီးကို သွေးထွက်သံယိုတွေ ကြောက်စရာအကွက်တွေပြမှာဆိုပေမဲ့ သူကတော့ အသံလောက်ပဲပြတယ်။
Dialogue တွေက အဲဒီခေတ် VVitch Trial တွေတုန်းက တကယ့် မှတ်တမ်းတွေအတိုင်းအားလုံးနီးပါးသုံးထားတယ် ပြောခိုင်းထားတယ်လို့ဆိုပါတယ်။ ဆိုတော့ အဲခေတ်အသုံးအနှုန်းတွေ လေသံတွေကို တစ်မျိုးခံစားရမှာပါ။ ဘာသာရေးအရမ်းသက်ဝင်ယုံကြည်ပြီး နည်းနည်းဆို God ကိုပဲ မှန်းဆတမ်းတ ဆုတောင်းနေကြတဲ့ မိသားစုဟာ တကယ်တမ်း မထင်မှတ်တဲ့ အဖြေရှာမရတဲ့ပြဿနာတွေတွေ့လာတော့ တော်တော်လေးနက်နဲတဲ့ မေးခွန်းတွေမေးပြထားတယ်။ ဆိုတော့ တော်တော်လေးကြက်သီးထဖို့ကောင်းတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ အဖေကြီး William ရဲ့ မူရင်းအသံကိုက ကြောက်ဖို့ကောင်းတယ်။ ကျန်တဲ့ Thomasin နဲ့ကလေးတွေနေရာမှာသရုပ်ဆောင်သူတွေအားလုံးကို သဘောကျပါတယ်။ Caleb နေရာသရုပ်ဆောင်ရတာတော့ တော်တော်လေးမလွယ်ပါဘူး။ Possess ဖြစ်တဲ့ခန်းကို တော်တော်လေးပင်ပမ်းခံရိုက်ထားတယ်။ သိရတာက ရုပ်ရှင်က သိပ်မကြာပေမဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ညီအောင်လုပ်ရတာ ရာသီဥတုကိုကြည့်ရတာတွေကြောင့် ၄ နှစ်လောက်ရိုက်ကူးရတယ်ဆိုပဲ။
The VVitch ရုပ်ရှင်ဟာ တခြား horror ကားတွေလိုမျိုး ကြည့်သူကိုကြောက်အောင်ခြောက်တဲ့ကား လုံးဝမဟုတ်ပါဘူး။ ဘာမှမပါဘဲကို ကြည်နေ့သူခြောက်ခြားလာအောင်၊ ကြမ်းတဲ့အခန်းဆိုလည်း ကြောက်လန့်သွားတယ်ဆိုတာထက် what the f*** ဆိုပြီးထအော်ရလောက်အောင် disturbing ဖြစ်တဲ့အခန်းတွေပါပါတယ်။ Jump scare တွေမပါဘဲ ရိုးရိုးလေးနဲ့ ကောင်းတဲ့ horror ကားကောင်းကြည့်ချင်သူတွေ ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။
Monday, 20 June 2016
Neerja (2016) မြန်ုမာစာတန်းထိုး
ဝမ်းနည်းဖို့ရော၊ အသည်းထိတ်ဖို့ ရော ရသစုံခံစားရမယ့် အိန္ဒိယ သည်းထိတ်ရင်ဖို အတ္ထုပ္ပတ္တိဒရာ မာ ဇာတ်လမ်းလေးကို ဖော်ပြလိုက်ပါတယ်။
ဇာတ်လမ်းလေးကတော့ ၁၉၈၆ စက်တင်ဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ Pan Am 73 လေယာဉ်ပြန်ပေးဆွဲ ခံရတဲ့အကြောင်းကို ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားမှာ အဓိကဇာတ် ကောင်က အသက် (၂၃) နှစ်အ ရွယ် လေယာဉ်မယ်လေး နီရာဂျာ ဘာနော့ဖြစ်ပြီး ပြန်ပေးသမားတွေ ရဲ့ လက်ခုပ်ထဲကရေဖြစ်ခဲ့ရတဲ့ ခရီးသည် ၃၆၁ ယောက်နဲ့ လေ ယာဉ်ဝန်ထမ်း ၁၉ ယောက် အ သက်အန္တရာယ်မရှိရလေအောင် ကာကွယ်ခဲ့တာကို ကြည့်ရှုရမှာ ပါ။
ပျော်စရာမိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မယ် လေး နီရာဂျာဟာ Pan Am 73 လေယာဉ်ကြီးမှာ လေယာဉ်အရာ ရှိ (ပါဆာ)အဖြစ် ပထမဆုံးတာ ၀န်ထမ်းဆောင်ရမှာပါ။ သူတာ ၀န်ထမ်းမယ့် လေယာဉ်ကြီးဟာ အကြမ်းဖက်သမားလေးယောက် ကို တင်ဆောင်လာမိတဲ့အတွက် ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတော့ တယ်။
လေယာဉ်ပြန်ပေးသမား တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ နီရာ ဂျာဟာ ကြောက်ရွံ့ထိတ်လန့်နေ ပေမယ့်လည်း ခရီးသည်တွေ အန္တရာယ်ကင်းဖို့အတွက် ကြိုး စားတာဝန်ထမ်းဆောင်နေတဲ့ ဇာတ်ကွက်တွေကို ကြည့်ရတဲ့ အခါ အခက်ခဲဆုံးအနေအထားနဲ့ ရင်ဆိုင်နေရတဲ့ နီရာဂျာရဲ့ ဖြစ်အင် ကို ကိုယ်ချင်းစာမိကြဦးမှာ ပါ။
လေယာဉ်ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပေမယ့် ဒီဇာတ်ကားလေးကို ဘယ်လို ရိုက်ကူးတင်ဆက်ထား သလဲဆိုတာ ကြည့်လိုက်ပါဦး နော်။
ဒီဇာတ်ကားမှာ နီရာဂျာဘာ နော့အဖြစ် ဆိုနမ်ကာပူးရ်က အဓိကပါဝင်သရုပ်ဆောင်ထား ပြီး ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တယ်လို့ ပရိ သတ်တွေကတော့ မှတ်ချက်ပြု ထားကြပါတယ်။
Review Credit to-7day Daily
Subscribe to:
Posts (Atom)