Thursday 24 April 2014
407 Dark Flight (2012) မြန်မာစာတန်းထိုး
Horror ကြည့်ချင်တဲ့ ပရိသတ်အတွက် ထိုင်းသရဲဇာတ်ကားပါ..
ဇာတ်ကားက Horror သီးသန့်ပဲဖြစ်တဲ့အတွက် Movie Quality ကို
သင့်တင့်ရုံနဲ့ File Size သေးသေးပဲတင်ပေးလိုက်ပါတယ်...
Movie Review ကိုတော့ ကို Lynn Ta Zaung ရေးထားတာသဘောကျလို့
သူ့ဘလော့ကနေ ကူးယူဖော်ပြလိုက်ပါတယ်..ဖတ်ပြီးမှကြည့်ကြပေါ့ဗျာ..
xxxxx xxxxx xxxxxx xxxxx xxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxx xxxxxxx
ကျနော်နှင့် ဒတ် ဖ လိုက်
မိဆု ရေ.. ပြောရအုံးမယ်..
ငါတစ်နေ့ က ရုံးပိတ်ရက်လောက်ကပေါ့ ။ မြေနီကုန်းက တော်ဝင်စင်တာ ၂ မှာ ပြနေတဲ့ သရီးဒီ သရဲကားတစ်ကားအကြောင်းကို နင့်ကိုပြောပြချင်တယ်။
ငါလည်း ရုပ်ရှင်တို့  ဘာတို့ ဆိုတာ သိပ်ဝါသနာပါတာမဟုတ်ဘူးရယ် ။ တစ်နေ့ အစ်မ ယုလေးက သူရုပ်ရှင်ပြမယ်ဆိုတဲ့ အကြွေးလေးတင်ထားတော့ ငါတို့ လူစုံတုန်း သွားကြည့်ကြတာပေါ့လေ ။ ငါ့ကို ပိုက်ပိုက်တွေ သိပ်ပေါနေတယ်လို့ တော့မထင်နဲ့ ပေါ့ ။ အဲ့ နေ့ က နေကြာစေ့နဲ့ ရေသန့် ဘူးလောက်ပဲ ၀ယ်နိုင်တာပါ..။ဟီးဟီး..။
စုစုပေါင်း ခြောက်ယောက်လောက် ရှိတယ် ။ ဟုတ်ပြီ...။ ရုပ်ရှင်ရုံရောက်ကြပြီ.။ ဇာတ်လမ်းက ဒီကနေ စမှာ။
သရီးဒီကားဆိုတော့ ငါကြားဖူးတာ ပိတ်ကားမှာ ပြနေတဲ့ ဟာတွေက ကိုယ် အရှေ့ ကြွတက်လာတယ်တဲ့။ အဲ့ လို ကြွတက်လာဖို့  ဇာတ်ကားကို ကြည့်ဖို့ ရုံထဲမ၀င်ခင် မျက်မှန်တက်ရသေးတယ်ဟ ။ သရီးဒီကြည့်မျက်မှန်ပေါ့လေ။ အမယ်..ငါတို့ ရုံထဲဝင်တော့ လူတိုင်းက မျက်မှန်ကြီးတွေတပ်လို့ ခပ်တည်တည်ကြီး တွေ ။ ရုံကလည်း မှောင်နေတော့ ကုတ်ချောင်းချောင်းနဲ့  ကိုယ့်နေရာကို ပြပေးတဲ့  လူနောက်ပဲလိုက်ရတယ်။
မိဆုရေ ဇာတ်လမ်းက အဲ့ မှာ စတာပဲ.. ဇာတ်ကားက ထိုင်းသရဲကားလေ ။ ကြောက်စရာကြီးလို့ ပြောတယ်။ အသေကြမ်းတာတဲ့..။ ငါလည်းမကြည့်ခင်က ကြားထားတဲ့  သတင်းတွေပါ ။ ဒီတော့ ရင်တွေတောင် ခုန်လို့ ပေါ့ ။ ရုံထဲက အသံ စစ်စတန်ကလည်း ကောင်းလိုက်တာဟာ .. ဘေးကနေ တကယ်ဖြစ်နေသလို အသံတွေ ညံလို့ ပေါ့။ အဲ့ မှာ ဇာတ်ကားနာမည်က 407 Dark Flight တဲ့ ..ပိုစတာကြီးတော့ ဂူဂဲလ် က ရှာပြီး နင် သိအောင် တင်ပေးလိုက်တယ်။
ကဲ ..ဇာတ်လမ်းကို ပြန်ပြောမယ်။ အဲ့ မှာ ဇာတ်ကားက လေယာဉ်ပျံသရဲကားပေါ့လေ..။ ထိုင်းကားဆိုပေမဲ့  အင်္ဂလိပ်စာတန်းထိုးတော့ တော်သေးတာပေါ့ ။ ငါကလည်း အင်္ဂလိပ် မတက်တခေါက်ဆိုတော့.. ဟိုစပ်စပ် ဒီစပ်စပ် နားလည်သလိုတော့ရှိသား..ဟီးဟီး။ ဇာတ်လမ်းအစမှာ .. လူတွေ ခဏခဏသေဖူးတဲ့ လေယာဉ်တစ်စီးပေါ့ ..အဲဒီလေယာဉ်ကို ပြန်ရွိုင်းပြီး နောက်တစ်ခါ ပြန်ပြေးဆွဲရကနေစတာ.. ပြေးဆွဲတယ်ဆိုတာ လေယာဉ်မောင်းတာကိုပြောတာပါ ။
ဇာတ်လမ်းမှာ  လေယာဉ်မယ် သုံးယောက်၊ ခပ်ခြောက်ခြောက် လေယာဉ်မောင်တစ်ယောက် ရယ်က လေယာဉ်က ၀န်ထမ်းတွေပေါ့ ။ပြီးတော့ လေယာဉ်မောင်း နှစ်ယောက် နဲ့  ..။ ခရီးသွားတွေကကောင်မလေးနဲ့ သူ့ မိဘ တစ်ဖွဲ့ ၊ဟောင်ကောင်မလို့ ပြောတဲ့  ထိုင်းမ ၊ ဆံပင်ကျစ်နဲ့  ထိုင်းကောင် ၊ ဘုန်းကြီးတစ်ပါး ၊ အဘွားအိုတစ်ယောက် ၊ ဖော်ရိန်နာ စုံတွဲ နှစ်ယောက် နဲ့ တခြားလေယာဉ်ပါခရီင်္းသည်တွေပေါ့ ။
ပထမလာလာချင်း သရဲကာ ဖော်ရိမ်နာ စုံတွဲက အမျိုးသားကို ၀င်ပူးသွားတယ်..။ လည်ပင်းကို တစ်ပတ်လောက် လှည့်ပြလိုက်တယ်လေ။ လန့် စရာကြီးပေါ့ ။ သရဲ က လေယာဉ်တစ်ခုလုံး ပါလာတာဆိုတော့ လူတိုင်းလိုလိုကို ၀င်ပူးနေတယ် ။ ဟောင်ကောင်မလေးကိုလည်း ၀င်ပူးတယ်။
လေယာဉ်က သရဲတွေ ထိန်းထားတော့ အမြင့်ကို ပျံတာ..အောက်စီဂျင်ပြတ်ပြီး လူတွေက သေခါနီးဖြစ်ကြတယ်။ အဲ့ မှာ တစ်ယောက်ပြီး တစ်ယောက် သေကုန်တာပဲ ။ အဲ့ ဒီမှာ ဇာတ်လမ်းက စတာပဲ..။
မိဆိုရေ .. သရဲက လူတကာကို ၀င်ပူးနေတော့ ငါတို့ က တထိပ်ထိပ်နဲ့ ကြည့်နေရတာပေါ့ ။ အဲ့ ဒီမှာ ငါတို့ အနောက်တန်းက ကြည့်နေတဲ့  ကောင်မလေးတွေက ထအော်တယ်..
..၀င်သွားပြီ ..၀င်သွားပြီ.. အီး လုပ်ကြပါအုံး... ။ ဆိုပြီ...လေ
အသံကုန်အော်တော့..ငါတို့ က ရယ်ချင်တာတယ်..ဟုတ်တယ်လေ...သရဲကားပဲကြည့်ရမလား.. သူတို့ အော်တာပဲ ထိုင်နားထောင်နေရမလားလို့ ပေါ့လေ။ ထားပါတော့ ..နည်းနည်းတော့ စိတ်ကအောင့်ကသိဖြစ်သွားတယ် ။
သရဲဆိုတော့ ပြောရအုံးမယ်..လေယာဉ်တစ်ခုလုံးက သရဲတွေ ထသောင်းကျန်းတာလေ..ပက်ပက်စက်စက်ပဲ..။ကျောချမ်းစရာကြီး..တစ်ချို့  တစ်ချို့ သော သရဲရုပ်တွေက ကြောက်ရပေမဲ့ တစ်ချို့ အရုပ်တွေက..ဟို ဂိမ်းထဲက သရဲရုပ်တွေလိုပဲ ကြည့်ရတာ။
ထင်ရတယ်..သရဲတွေဆိုတာ.လေယာဉ်လေးက သေးသေးလေးနဲ့  ခြောက်နေတဲ့ သရဲဆိုတာ နေရာတကာပဲ။
နောက်ဆုံး လေယာဉ်တစ်ခုလုံးတောင် သရဲတွေ တွယ်စီးနေတာမောင်ရေ ။ပြန်စဉ်းစားမိရင် ကျက်သီးတော့ထတယ်။ဒါပေမဲ့  ဟို အနောက်က အော်နေကြတဲ့ ..၀င်သွားပြီ..၀င်သွားပြီ ဆိုတာကို ပြန်စဉ်းစားမိတိုင်း ရယ်နေရတယ်။ ဇာတ်ကားတစ်ကားလုံးကလည်း ကြောက်နေရတာမဟုတ်ဘဲ ရယ်ရတာတော့ပါသေးတယ် ။
မိဆုရေ... ဇာတ်ကားလေးကတော့ သူ့ ဇာတ်လမ်း အကြောင်းပြောချင်တာထက်...ငါတို့ ကြည့်ခဲ့ တဲ့ အကြောင်းလေးကိုပြောချင်တာဆိုရင် ပိုမှန်မှာပေါ့..။နောက် ဇာတ်ကားဆုံးတော့ မီးလင်းတယ်လေ။ အနောက်က အော်နေတဲ့ အုပ်စုကို ကြည့်လိုက်တော့.. မယုပြန်ပြောတာ နားထောင်မိသေးတယ် ။ ဘာတဲ့  ..ဆင်ကိုးစီးစားမကုန်တဲ့ ပုံနဲ့ အသေအော်နေတာတဲ့ ..။အော်မှာပေါ့..။ဟိုက ဘဲတွေပါလာတာကိုး..ဟီး။
ဒါပါပဲလေ... အပျင်းပြေ သရီးဒီကားလေးကြည့်ဖူုးတဲ့အကြောင်း ကို ဖောက်သည်ချတာပါ ။ နင်လည်း ရန်ကုန်ရောက်ရင် သရီးဒီကားတစ်ကားတော့ကြည့် ကြည့်ပေါ့။ သရဲကားတော့မကြည့်နဲ့ နော်.။တော်ကြာ ငါတို့ လို ၀င်သွားပြီ နဲ့ တိုးနေမှ..ဟားဟား။]
xxxxx xxxxx xxxxxx xxxxx xxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxx xxxxxxx
Zip File size...360MB (WinRAR ဖြင့်ဖြည်ပါ)
Quality....flash
Format...mkv
hour....01:42:01
subtitle....မြန်မာစာတန်းထိုး
Download Zip File
Sunday 20 April 2014
Speed (1994) မြန်မာစာတန်းထိုး
ကြာတော့ကြာခဲ့ပါပြီ...
Matrix မင်သားကြီး Keanu Reeves နဲ့ မင်းသမီးကြီး Sandra Bullock တို့ နုစဉ်က
အစွမ်းပြထားပြီး IMDb Rating 7.2 ရရှိထားတဲ့ 
တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ....
ဒီဖက်ခေတ် ဇာတ်ကားတွေမှာ သိပ်မတွေ့ရတော့တဲ့ ယုတ္တိရှိရှိဇာတ်လမ်းဇာတ်ကွက်နဲ့
စွန်းစားခန်းတွေကို ပြန်လည်ခံစားရမယ့်ဇာတ်ကားပါ....
(ကျွန်တော်ကိုယ်တိုင် ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ထားတဲ့ ဇာတ်ကားပါ...
Zawgyi One Font နဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူအပေါင်း အာရုံမနောက်စေရန်
စာတန်းထိုးကို တစ်ခါတည်းပေါင်းပေးထားပြီး File size ကိုသေးစေချင်လို့ Movie ကို
360p Quality နဲ့ပဲတင်ပေးလိုက်ပါတယ်...ဇာတ်အိမ်ခိုင်ခန့်ပြီး virtual effect တွေသိပ်မပါတဲ့အတွက်
Quality ကိုအဓိက ထားပြီးမတင်ပေးတော့ပါဘူး...
ပထမဆုံး ဘာသာပြန်အတွေ့အကြုံ ဖြစ်သောကြောင့်
အမှားအယွင်း နှင့် လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်၏အားနည်းချက်သာဖြစ်ကြာင်း
ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ....)
Zip File size...496MB 
Quality....အကြည်
Format...mkv
hour....01:48:18
subtitle....မြန်မာစာတန်းထိုး
Download Zip File
Wednesday 16 April 2014
My Girlfriend Is an Agent (2009) မြန်မာစာတန်းထိုး
IMDb Rating (6.5) ရရှိထားတဲ့ Korea ဟာသ၊အက်ရှင်၊ဒရမ်မာ ဇာတ်ကားပါ...
Korea ကားတွေရဲ့ ထုံးစံအတိုင်း ဒရမ်မာ ကွက်လေးတွေကိုဆွဲဆောင်မှုရှိရှိနဲ့
တင်ပြထားသလို..ဟာသကွက်လေးတွေကိုလည်း ထိထိမိမိ ပုံဖော်ထားနိုင်ပါတယ်...
ဘဝအမောတွေဖြေဖျောက်ပေးမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ...
Zip File size...824MB 
Quality....အကြည်
Format...mkv
hour....01:51:52
subtitle....မြန်မာစာတန်းထိုး
Download Zip File
Tuesday 15 April 2014
Parker (2013) မြန်မာစာတန်းထိုး
Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်......
အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်....
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်....
လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်.....
ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။ (film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)
Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လို့ ၄င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်... Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်...
Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်....
(DVD Guide မှကူးယူဖော်ပြသည်...)
Zip File size...824MB 
Quality....အကြည်
Format...mkv
hour....01:53:06
subtitle....မြန်မာစာတန်းထိုး
Download Zip File
Saturday 12 April 2014
The Hobbit: The Desolation of Smaug (2013) မြန်မာစာတန်းထိုး
#ရုပ်ရှင်မိတ်ဆက်
ဒီတစ်ခါတော့ အများမျှော်လင့်နေကြတဲ့ The Hobbit ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။
ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။
ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။
ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို
သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းတွေ၊ ကို အဓိကတင်ဆက်ထားပါတယ်။
The Lord of the Rings ကားတွေ ရော Hobbit ပထမကားကို ရိုက်တဲ့ ဒါရိုက်တာပဲဖြစ်တာကြောင့်အထူးပြောစရာမလိုပါဘူး။ ဒီ LOTR နဲ့ Hobbit ဇာတ်ကားတွေက ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ပရိတ်သတ်အားပေးမှုအများဆုံးရတဲ့ကားတွေဖြစ်ပြီး၊ မူရင်း ဇာတ်လမ်းရဲ့ ရသကို မပျက်အောင် ထိန်းထားနိုင်လောက်အောင်ကောင်းပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် LOTR နဲ့မရင်းနှီးတဲ့သူတွေအတွက် ကတော့ အနည်းငယ် ပျင်းစရာကောင်းပါတယ်။ ဒီကားက ပထမကားနဲ့ ယှဉ်ရင် အနည်းငယ်နှေးမှာဖြစ်ပြီး၊ သူက တတိယကားကို အစပျိုးပေးထားတဲ့ပုံစံဖြစ်တာကြောင့် တတိယကားက အကောင်းဆုံး ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကားမှာဖြစ်ပျက်သမျှအားလုံးက တတိယကားမှာ မှ သွားအဆုံးသတ်မှာဖြစ်တာကြောင့် ပရိတ်သတ်တွေ မတင်မကျဖြစ်အောင်လုပ်ထားခဲ့တယ်လို့လည်း ပြောချင်ပါတယ်။ အထူးသဖြင့် LOTR ရဲ့ အဓိက Villain ကြီး ဖြစ်တဲ့ Sauron ( The Dark Lord) က Bilbo ကြောင့် ပြန်လည် နိုးထလာပြီဖြစ်ပြီး၊ ဒီကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းအနေနဲ့ Sauron နဲ့ Gandalf တို့ရဲ့ အားပြိုင်မှုကိုလည်းတွေ့ရမှာပါ။
အကောင်းဆုံးဇာတ်ကားတစ်ကားပါ။ Prisoners လိုစိတ်လှုပ်ရှားမှုမျိုး၊ The Dark Knight Rises လို ခံစားချက်မျိုး မရနိုင်ပေမယ့်၊ Adventure ကားတွေထဲမှာတော့ ဒီနှစ်အတွက် အကောင်းဆုံးကားပါလို့ပြောချင်ပါတယ်။
#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Review) မှကူးယူဖော်ပြပါသည်...)
Zip File size...958MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mp4
hour....02:31:05
subtitle....မြန်မာစာတန်းထိုး
Download Zip File
Final Destination 5 (2011) မြန်မာစာတန်းထိုး
သေမင်းလက်ကနေ ဆဌမ အာရုံကြောင့်လွတ်လာပေမယ့် ...
ဘယ်လိုတွေပြန်ကြုံတွေ့ရမယ်ဆိုတာ စိတ်ဝင်စားစရာကြည့်ရမယ့် ဇာတ်ကားပါ..
ထိတ်လန့်စရာတွေကို သေသေချာချာရိုက်ပြထားတာကြောင့် ကြည့်နေရင်းနဲ့
လန့်အော်ရမယ့်ဇာတ်ကားပါ...Final Destination ဇာတ်ကားတွေကို ပုံစံတူတူနီးပါး
ရိုက်ကူးတင်ဆက်ခဲ့ပေမယ့် ဘယ်အချိန်ကြည့်ကြည့် မရိုးသလိုခံစားရတဲ့ဇာတ်ကားပါ...
Zip File size...600MB 
Quality....အကြည်
Format...mp4
hour....01:31:50
subtitle....မြန်မာစာတန်းထိုး
Download Zip File
Tuesday 8 April 2014
Journey 2 :The Mysterious Island (2012) မြန်မာစာတန်းထိုး
Adventure ဆန်ဆန် စိတ်ဝင်စားဖွယ် မိသားစုဇာတ်ကားလေးပါ....
Virtual Effect တွေကို သေသေသပ်သပ်ဖန်တီးထားတာမို့ 
ကမ္ဘာပေါ်မှာဒီလို ကျွန်းမျိုးတကယ်ရှိတယ်လို့ထင်ရလောက်ပါတယ်...
ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် စွန့်သားခန်းတွေနဲ့မို့လို့ 
ဘဝအမောတွေဖြေဖျောက်ပေးမယ့် ကြည့်သင့်တဲ့ဇာတ်ကားလေးပါ.....
Zip File size...569MB
Quality....အကြည်
Format...mp4
hour....01:27:19
subtitle....မြန်မာစာတန်းထိုး
Download Zip File
Sunday 6 April 2014
Brave (2012) မြန်မာစာတန်းထိုး
ဇာတ်လမ်းရော Animation ရော ပြောစရာမရှိအောင် အထူးကောင်းမွန်ပါတယ်......
အက်ရှင်၊ ဒရမ်မာ အစုံ ပါပြီး၊ သားအမိကြားကမေတ္တာ၊ သားသမီးအတွက် အသက်ကိုပင် ဂရုမထားတဲ့ မိခင်မေတ္တာကို ထင်ဟပ်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ.....
မိသားစုနဲ့ကြည့်ဖို့လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေးပါ....
Zip File size...612MB
Quality....အကြည်
Format...mkv
hour....01:24:29
subtitle....မြန်မာစာတန်းထိုး
Download Zip File
Tuesday 1 April 2014
Every Child is Special (2007) မြန်မာစာတန်းထိုး
IMDb Rating (8.6)  ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ...
3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ...
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ
အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး
သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ...လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့
ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ...အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို
တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်....
- တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..
  ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..
  မှန်ပါတယ်...ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန်  ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား
  တစ်ခုဆောက်ခိုင်းပါမယ်...သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်...
  တံတားကိုဆောက်ပါပြီ...တံတားက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ဖြောင့်ဖြောင့်တန်းတန်း
  မဆက်မိတော့ပါဘူး....ဘာလို့ပါလိမ့်...?????
  အဖြေကတော့ ကျွန်တော်တို့ ကမ္ဘာ ဟာအလုံးကြီးပါ...ဘောလုံးလို အခုံးမျက်နှာပြင်ပေါ်က တြိဂံတစ်ခုရဲ့
  အတွင်းထောင့်တွေပေါင်းခြင်းဟာ 180 ထက်ကြီးပါတယ်... 
  အခွက်မျက်နှာပြင်ဆိုရင်180ထက်ငယ်ပါတယ်...Relativity သဘောတရားကိုတွေ့ရပါမယ်...
  (ဒီထက်ပိုပြီးလေ့လာချင်ရင် Einstein's Theory of General Relativity ကိုလေ့လာသင့်ကြောင်းပါ)
-ဒီဇာတ်ကားရဲ့ စာတန်းထိုးဖိုင်ကို Zawgyi One Font နဲ့ရိုက်ထားတဲ့အတွက် Video Player ရဲ့ Subtitle setting မှာ Font ကို Zawgyi One Font ပြောင်းပြီးမှကြည့်ကြပါခင်ဗျာ...
(ဒီဇာတ်ကားကို ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ခဲ့သော ညီလေး ညီသံလွင်
ကိုကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...)
Zip File size...989MB
Quality....အကြည်
Format...mkv
hour....02:31:44
subtitle....မြန်မာစာတန်းထိုး(Zawgyi One Font ဖြင့်ကြည့်ပါ)
Download Zip File